ရွှေဘို ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ကျပ်သိန်း(၅၁၇၉၃၀၀)ကျပ် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေဘိုမူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်နွယ်နွယ်ဦးမှ လူမှုဝန်ထမ်းဦးစီးဌာန အနေ ဖြင့် ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း တစ်ကျောင်းလျှင် တာဝန်ခံ ကျောင်းအုပ်(၁)ဦးကို ငါးသောင်းကျပ်နှုန်းဖြင့်လည်းကောင်း၊ စာသင် ဆရာမ(၁)ဦးကို သုံးသောင်းကျပ် နှုန်းဖြင့်လည်ကောင်း၊ သင်ထောက်ကူပစ္စည်းများအတွက် တစ်သိန်းကျပ်နှုန်းဖြင့် လည်ကောင်း၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများကို အဆင့်(၃)ဆင့်ဖြင့် ထောက်ပံ့ပြီး ပထမအဆင့်တွင်( ဆန်)၊ ဒုတိယအဆင့်တွင်( ဆန်၊ စားစရိတ်၊ ဝတ်စရိတ်)၊ တတိယအဆင့်တွင် (ဆန်၊ စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူး လစာ)တို့ကို ထောက်ပံ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ဦးစီးမှုး ဒေါ်နွယ်နွယ်ဦးမှ ခရိုင်အတွင်းရှိ ပရဟိတဂေဟာကျောင်း(၄)ကျောင်းအတွက် ထောက်ပံ့ငွေ (၃၃၁၅၉၀၀၀)ကျပ်၊ ဘိုးဘွားရိပ်သာ(၁)ကျောင်းအတွက် ထောက်ပံ့ငွေ( ၁၆၇၄၀၀၀) ကျပ်နှင့် ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၆)ကျောင်းအတွက် ထောက်ပံ့ငွေ (၁၆၉၆၀၀၀၀) ကျပ်တို့ကို တာဝန်ရှိသူများအား အသီးသီးပေးအပ်ခဲ့သည်။
ထွန်းမြင့်အောင်(ရွှေဘို)