ရေနံချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမဲ့အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ရေနံချောင်း မတ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်းကာ အခမဲ့အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို မန်နေ့က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ကျောင်းသင်ခန်းစာများနှင့် လုပ်ငန်းခွင်များတွင် အထောက်အကူဖြစ်စေရန်နှင့် နွေရာသီအားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် အခြေခံကွန်ပျူတာအသုံးပြုနည်းသင်တန်းကို အခမဲ့ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆရာ ဦးကျော်ဇင်ထွန်းက သင်တန်းတွင် သင်ကြားပို့ချမည့် အခြေခံကွန်ပျူတာ ဘာသာရပ်များကို ပြောကြားပြီး လူငယ်အသင်း(Youth Club)ဥက္ကဋ္ဌ ဦးနေဝင်းနိုင်က သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့် သင်တန်းပြီးဆုံးသည်အထိ စိတ်ပါဝင်စားစွာ တက်ရောက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမဲ့အခြေခံကွန်ပျူတာအသုံးပြုနည်းသင်တန်းကို မတ် ၁၁ ရက်မှ ဧပြီ ၁၀ ရက်နေ့အထိ သင်တန်းကာလ တစ်လကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)