စေတုတ္တရာ ဖေဖော်ဝါရီ ၂၅
Save The Children အဖွဲ့မှ စီစဉ်ကျင်းပသည့် မိုဘိုင်းဖုန်း အပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာ မှတ်တမ်းသတင်းပေးပို့ခြင်း မွမ်းမံသင်တန်းကို မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် စေတုတ္တရာမြို့ Save The Children အဖွဲ့အစည်းမှ စီမံချက်အရာရှိ ဦးတင်ဝင်းမှ မိုဘိုင်းဖုန်းအပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာ မှတ်တမ်းသတင်းပို့ခြင်း မွမ်းမံသင်တန်းကို ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Save The Children အဖွဲ့ ကျန်းမားရေး စေတနာရှင် ဝန်ထမ်းများမှ မိုဘိုင်းအပလီကေးရှင်း အသုံးပြုပုံများကို တက်ရောက် လာကြသည့် သင်တန်းသူ၊ သင်တန်းသားများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို စေတုတ္တရာမြို့နယ်အတွင်းရှိ စီမံချက်ကျေးရွာများမှ သင်တန်းသား/ သင်တန်းသူ (၃၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်ပေါက်(ပြန်/ဆက်)