ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူငယ်နှင့်ကျန်းမာရေး အသိပညာပေး Talk Show ပြုလုပ်

ကျောက်ဖြူ     မတ်  ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အနာဂတ်တွင်ဦးဆောင်ကြမည့် လူငယ် များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်နှင့် ကျန်းမာရေးအသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်အေးနှင့် နေ့စားဝန်ထမ်း ဒေါ်ခင်ထက်ထက်နွယ် တို့က လူငယ်များ ကျန်းမာရေးအသိအမြင်ဗဟုသုတများတိုးပွားလာစေရန်အတွက် ကွမ်းစားခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ ဆေးလိပ်သောက်ခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများနှင့်  ကျန်းမာရေး အားကစားလေ့လာလိုက်စားခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း၊ စာပေများလေ့လာဖတ်ရှုခြင်းကြောင့် ရရှိလာမည့် ကျန်းမာရေးဆိုင်ရာဗဟုသုတ ကောင်းကျိုးများ အကြောင်းကို ကဏ္ဍစုံစွာဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ကျောက်ဖြူခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေ အသိပညာဗဟုသုတတိုးပွားစေ‌ရေးအတွက် အွန်လိုင်းမှတဆင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ (Talk Show)များပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ပြုလုပ်ပြသပေးခြင်းတို့အပြင် ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ် ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ် လွှင့်ပြသပေးခြင်း စသည့် အသိပညာပေး အစီအစဉ်များအား Face Book Page မှတစ်ဆင့် ဝန်ဆောင်မှု ပေးလျှက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)