ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း (၁၀) နှစ်ပြည့် ကလေးများနှင့် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားများအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်ရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြရာ ၂၀၂၀ ခုနှစ်အထိ ရပ်ကွက်တိုင်းနှင့် ကျောင်း များတွင် အနည်းဆုံး (၂) ကြိမ် ထက်မနည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများစွာ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ခဲ့ကြပြီဖြစ်သည်။
ထို့နည်းတူစွာ ၂၂.၂.၂၀၂၀ ရက်နေ့ နံနက်(၁၀)နာရီ အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄) ရပ်ကွက်၊ စီမံကိန်း(၁)၊ မြလေးလမ်းရှိ အရိယဓမ္မာရုံ၌ လ.ဝ.က ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ ဝန်ထမ်းများက ၁၀ နှစ်ပြည့်နှင့် ၁၈ ပြည့်ပြီးသူများအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျက်ဆီး၊ ပျောက်ဆုံးသွားသူများကိုလည်း ငွေကြေး လုံးဝကုန်ကျမှုမရှိစေဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ရပ်ကွက်နေပြည်သူ (၁၀၀)ကျော်အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နေထက်အောင်