ရန်ကုန် ဖေဖော်ဝါရီ ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးက စီစဉ်၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံး ရရှိခံစားသင့်သော အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ အပြည့်အဝ ရရှိနိုင်ရန်နှင့် အခွင့်အရေးများအပေါ် အသိအမှတ်ပြု နာလည်လက်ခံသည့်စနစ်များ၊ ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်း များနှင့် အကောင်အထည် ဖော်မှုများကို လူမှုရေးပင်စင် ထောက်ပံ့ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများ ပိုမိုသိရှိနားလည်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လူမူရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ကျင်းပသည်။
အခမ်းအနားတွင် အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေရှင်းလင်းခြင်း၊ အမျိုးသားလူမှုရေးပင်စင် အကောင်အထည် ဖော်ခြင်း ဆိုင်ရာ လမ်းညွှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး ဒေါ်သန္တာစောက အမျိုးသားလူမှုရေးပင်စင်နှင့် ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနား တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၁၂)မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)