မောင်တော မတ် ၁၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်ပါ အကြောင်းအရာများဖြစ်သော ဝင်စာများကို အရေးယူဆောင်ရွက်ခြင်းနှင့် စာရွက်စာတမ်းများ လုံခြုံစွာကိုင်ကွယ် ထိန်းသိမ်းခြင်း ခေါင်းစဉ်ပါ အကြောင်းအရာများအား ဖတ်ကြားခဲ့ပြီး ခရိုင်ရုံးရှိ ဝန်ထမ်းများက မှတ်တမ်းထိန်းသိမ်းခြင်း၊ ပစ္စည်းမှာယူထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်း စသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက်အလက်များ အကြောင်းအရာများအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်