ကျောက်ဖြူ မတ် ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက သတင်းရေးသာနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှူးနှင့် သင်တန်းနည်းပြများ၊ ခရိုင်ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ သင်တန်းသား/ သင်တန်းသူများက သင်တန်းတွင်ပို့ချပြသခဲ့သည့် သင်ခန်းစာများကို ဆန်းစစ်ချက်ဖြေဆိုကြသည်။ ထို့နောက် သင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းသည် ခရိုင်ရုံးဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် သတင်းလုပ်ငန်းကဏ္ဍကို သိရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးသတင်းများကို ကိုယ်တိုင်ရေးသားတတ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းမှရရှိခဲ့သည့် ပညာများကို လက်တွေ့နယ်ပယ်တွင် ဆက်လက်လေ့လာဆည်းပူးပြီး ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသူတစ်ဦးအား ခရိုင်ဦးစီးမှူးမှ ဂုဏ်ပြုဆု လက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ရာ ဆုရရှိသည့် သင်တန်းသူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ၁၂-၃-၂၀၂၄ ရက်နေ့မှ ၁၄-၃-၂၀၂၄ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့ လက်တွေ့ ပို့ချပြသခဲ့ပြီး ခရိုင်ရုံးမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)