ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အဆုတ်ရောင်ရောဂါ (2019-nCoV)ရောဂါကြိုတင်ကာကွယ်ရေး စျေးသူ စျေးသားများအား အသိပညာပေးဟောပြော

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အဆုတ်ရောင်ရောဂါ (2019-nCoV)  ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ စျေးသူစျေးသားများအား အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီက ခနောင်တိုအရှေ့ရပ်ကွက် စျေးလေးအတွင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ စျေးသူစျေးသား များ တက်ရောက်ကြသည်။

ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးမှူး ဦးမိုးမြင့်ဦးနှင့် သူနာပြုဆရာမကြီး ဒေါ်အေးအေးသင်း တို့က စျေးသူစျေးသားများအား ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါ လက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး အဆုတ်ရောင်ရောဂါ(2019-nCoV) အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)