ဆိပ်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဆိပ်ဖြူ မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လူငယ်အသိပညာပေးလုပ်ငန်းအနေဖြင့် ကျောင်းသား/ကျောင်းသူလေးများအား "လူငယ်နှင့်စာရိတ္တ"ပုံပြင်ပြောခြင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်အသိပညာပေးလုပ်ငန်းကို မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလေးများအနေဖြင့် ဗလငါးတန်းဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်စွမ်းရည်မြင့်မားရေးနှင့် လူငယ်နှင့်စာရိတ္တမြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအသိပညာပေးပေးလုပ်ငန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက စာပေဖတ်ရှုခြင်းမှရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်နှင့်စာရိတ္တမြင့်မားတိုးတက်စေရန် မိတ်ဆွေလေးဦးပုံပြင်ဖတ်ရှု၍ ပူပေါင်းဆောင်ရွက်မှုဖြင့် စည်းလုံးခြင်းအင်းအားရရှိမှုတို့ကို ရှင်းလင်းပြောကြားပေးပြီး ကျောင်းသား/ကျောင်းသူလေးများ စာဖတ်စွမ်းရည်တိုးတက်စေရန်စေရန် ပုံပြင်ဖတ်ပြခြင်း အစီအစဉ်များဆောင်ရွက်ပေးပြီး မြို့နယ်ဦးစီးအရာရှိက ကျောင်းသား/ကျောင်းသူလေးများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)