နတ်မောက်မြို့ လူထုအခြေပြဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club ပူးပေါင်း၍ ပုံပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က  ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်မိုးက နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စကားပြောနိုင်မှုစွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲကျင်းပရာ လူငယ်လေးများက မိမိတို့ ကြိုက်နှစ်သက်သည့် ပုံပြင်ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင်(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီးချီးမြှင့်ပေးသည်။ အဆိုပါ ပုံပြောပြိုင်ပွဲသို့ မြို့နယ်ပြန်/ဆက်ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် Youth Club အဖွဲ့ဝင် (၃၈)ဦး တက်ရောက်ခဲ့သည်။

မူမူစန်း