ဘီးလင်း မတ် ၂၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာတို့ပူးပေါင်း၍ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်သန်းသန်းရွှေက အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ထို့နောက် နည်းစနစ်မှူး ဒေါ်ဇူးဇူးလွင်က အခြေခံသိုင်း ၆၃ ကွက် အကြောင်းရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ရိုးရာ သိုင်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့ရာ ဘီးလင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ဇူးဇူးလွင်က သင်တန်းသား ၁၅ ဦးအား အခြေခံသိုင်းသရုပ်ပြကွက် (၆၃) ကွက်အား မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေအထိ လေးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)