ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာနတွင် စိတ်ကြိုက်ပန်းချီ​ရေးဆွဲခြင်းနှင့် ​ဆေး​ရောင်ခြယ်ပြိုင်ပွဲများကျင်းပ

ရန်ကုန် မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးမြင့်မားစေရန်ရည်ရွယ်၍ စိတ်ကြိုက်ပန်း ချီ​ရေးဆွဲခြင်း ပြိုင်ပွဲနှင့် ​ဆေး​ရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့ ​မွန်းလွဲ (၂) နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင် (ဗဟန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများအား ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင် (ဗဟန်း) ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ် ပညာများ ရရှိစေရန်အတွက် ပြိုင်ပွဲများနှင့် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ကြည်​ဇေ​သော်