သဲကုန်း မတ် ၂၁
၂၀၂၄ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင်ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးနှင့် ဝန်ထမ်းများက သဲကုန်းမြို့၊ မြို့မရပ်ကွက်၊ ဘုရားကြီးလမ်းတွင် ခရီးသွားပြည်သူများနှင့် မြို့အတွင်းရှိ ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၃ ရက်နေ့ (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ဆက်၍ချီပါ တပ်မတော် ကဗျာ၊ အမျိုးသားအကျိုးစီးပွားအတွက်ထမ်းဆောင် ဆောင်းပါး စသည့် အချက်များပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များကို ဌာနဆိုင်ရာများနှင့် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှု့လေ့လာနိုင်ရေးအတွက် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အထိမ်းအမှတ်နေ့များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်၊ ဖတ်ရှု့လေ့လာနိုင်ရန် လူစည်ကားရာ နေရာများနှင့် ဌာနဆိုင်ရာများသို့ သက်ဆိုင်ရာအထိမ်းအမှတ်နေ့များ၏ သတင်းစကား လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)