မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနတွင် စာကြည့်တိုက်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ငှားရမ်းခြင်းဆောင်ရွက်

မြောက်ဥက္ကလာပ မတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များငှားရမ်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ  ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာကြည့်တိုက်ဆိုင်ရာအကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းအပြင် ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား အသက်အရွယ်နှင့်ပတ်သက်ပြီးရပိုင်ခွင့်များနှင့် ပြဌာန်းထားရှိသည့်ဥပဒေများ စသည့်အကြောင်းအရာများကို မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၏ သား/သမီးများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများမှ တပ်မတော်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များပြသခဲ့ပြီး သုတ/ရသ စာအုပ်စာစောင်များအား  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)