ဟုမ္မလင်း မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံတူပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဟုမ္မလင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ကျောင်းသားကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာများတိုးပွား၍ စဥ်းစားတွေးခေါ်မှု အသိဉာဏ်ပညာများ ပိုမိုရင့် သန်လာနိုင်ကြောင်းနှင့် ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ စည်းမျဥ်းစည်းကမ်းများကို ပြောကြားခဲ့သည်။
ဆက်လက်၍ ပုံတူပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား၊ကျောင်းသူ(၁၆) ဦးခန့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင်ဆုရရှိသူများကို တာဝန်ရှိသူများဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)