လဲချားတွင် ကြိုတင်ဆန္ဒမဲပေးသူ (၂၁၄၆)ဦး လာရောက် ဆန္ဒမဲပေးပြီးဖြစ်

လဲချား  နိုဝင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ နိုဝင်ဘာလ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ (၂၁၄၆)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထိုသို့ မဲဆန္ဒပြုရာတွင် လဲချားမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၃၉၆၉၃)ဦး ရှိသည့်အနက် အသက်(၆၀)နှစ်အထက် ပြည်သူ (၁၅၀၅)ဦးနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် တာဝန်ဖြင့် ခရီးသွားလာမည့် နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့်သူများ၊ ကျန်းမာရေး မကောင်းသူ စုစုပေါင်း (၆၄၁)ဦးမှ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

အဆိုပါကြိုတင် ဆန္ဒမဲပေးသူများအနေဖြင့် ကြိုတင်ဆန္ဒမဲများကို ကိုယ်တိုင်လာရောက် မဲပေးနိုင်ပြီး ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်လာရောက်ရန် ခက်ခဲပါက ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးသို့ သတင်းပေးပို့လျှင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)