ချင်းရွှေဟော်၌ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများအား ဓါတ်ခွဲနမူနာများ ရယူစစ်ဆေး

ချင်းရွှေဟော်  နိုဝင်ဘာ   

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များ တင်သွင်းမည့် ကုန်တင်ယာဉ်များအား နှစ်နိုင်ငံကုန်သွယ်မှု ပြတ်တောက်မှုမရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီးနှင့် နောင်ချိုမြို့နယ်များမှ ကိုဗစ်-၁၉ Rapid Test Kit စနစ်ဖြင့် (၁၄)ရက်အတွင်း စစ်ဆေးထုတ်ပေးထားသော ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်ဖြင့် ဝင်ရောက် ဖြတ်သန်းခွင့်ပြုလျက်ရှိသည်။

ထိုသို့ ဝင်ရောက်ဖြတ်သန်းခွင့်ပြုရာတွင် အောက်တိုဘာလ(၂၇)ရက်နေ့၌ ချင်းရွှေဟော်မြို့သို့ ပို့ကုန်များ လာရောက်ပို့ဆောင်ခဲ့သည့် (၁၂)ဘီး ကုန်တင်ယာဉ်မောင်းတစ်ဦးမှာ အောက်တိုဘာ(၃၁)ရက်နေ့တွင် မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ကိုဗစ်-၁၉ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်(၁၄)ရက် ပြည့်မြောက်ပြီးဖြစ်၍ နိုဝင်ဘာလ()ရက်နေ့တွင် မန္တလေးမြို့၌ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ထပ်မံစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ချင်းရွှေဟော်မြို့အတွင်းသို့  ပို့တွေ့အတည်ပြုလူနာ လာရောက်နေစဉ် ()ရက်တာကာလအတွင်း ၎င်းနှင့် ထိတွေ့ခဲ့သည့် ကုန်တင်/ကုန်ချ အလုပ်သမား(၂၁)ဦးနှင့် ပါဆယ်မှာယူစားသောက်ခဲ့သော ထမင်းဆိုင်မှဆိုင်ရှင်နှင့်အလုပ်သမား ()ဦး စုစုပေါင်းထိတွေ့ခဲ့သူ(၂၆)ဦးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ အသွားအလာကန့်သတ်စောင့်ကြပ်ထားရှိပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ၎င်းတို့၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အား ရယူကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိဓါတ်ခွဲစစ်ဆေးနိုင်ရန် နိုဝင်ဘာလ()ရက်နေ့တွင် မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့သည်။

ထိုသို့ ဓါတ်ခွဲနမူနာများရယူပြီး ပေးပို့စစ်ဆေးရာတွင် ပထမအကြိမ် ဓါတ်ခွဲအဖြေမှာ နိုဝင်ဘာလ()ရက်နေ့၊ ည()နာရီ အချိန် ဓါတ်ခွဲစစ်ဆေးချက်အဖြေအရ ရောဂါပိုးမတွေ့ရှိရကြောင်း သိရပြီး ဒုတိယအကြိမ်အဖြစ်  နိုဝင်ဘာလ (၁၀)ရက်နေ့တွင်  ထပ်မံရယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)