ပန်းတောင်း နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကလေးသူငယ်များနှင့် အွန်လိုင်း အသုံးပြုသူများဗဟုသုတရရှိစေရန် ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် စာကြည့်တိုက်လက်ထောက်(၃)ဒေါ်ခက်ခက်ဦး ရုပ်သံကျွမ်းကျင်(၃) ဒေါ်နှင်းနုနွယ်၊ အငယ်တန်းစာရေး ဦးကျော်ဇင်ဝင်းတို့က ပြည်သူများ အွန်လိုင်းမှတစ်ဆင့် အလွယ်တကူကြည့်ရှု့နိုင်ရေး အတွက် နေ့ရက်အလိုက် ပုံပြင်ပြောပြခြင်း ကဗျာရွတ်ဆိုခြင်း၊ ရောင်စုံစက္ကူများဖြင့် အရုပ်အမျိုးမျိုးခေါက်ခြင်းများဆောင်ရွက်ခြင်းအပြင် စာပေချစ်သူများအတွက် ဗဟုသုတ ရရှိစေမည့် သုတ/ရသစာအုပ်များ မိတ်ဆက်ခြင်းစသည့် အသိပညာပေးအစီအစဥ်များကို ရိုက်ကူး၍ ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Face book Page တွင်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိသည်။
ယင်းအပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး နံရံ ကပ်စာစောင်များကို ပြသထားကြောင်းသိရသည်။
သင်းသင်းအေး(ပြန်/ဆက်)