ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်

ပုံပါကျင်  နိုဝင်ဘာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလုပ်ငန်းကို ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ယမန်နေ့ နံနက်()နာရီမှစ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်  အသက်အုပ်စုအလိုက် မြို့ပေါ်ရပ်ကွက်များကို အပိုင်းလိုက်ခွဲ၍ ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးတစ်ဦး အုပ်ထိန်းသူ မိဘတစ်ဦး သာလာရန်နှင့် ပါးစပ်နှင့် နှာခေါင်းစည်းအဝတ်များ မဖြစ်မနေတပ်ဆင်လာကြရန်အတွက် သက်ဆိုင်ရာရပ်ကျေးအဖွဲ့ဝင်များမှ တစ်ဆင့် အကြောင်းကြားကာ ဆောင်ရွက်ခဲ့ကြောင်း ၊ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် ရပ်ကွက် အပိုင်းလိုက်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို လစဉ်လဆန်းရက်များတွင် ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အသက်နှစ်လမှ အသက် ()နှစ်ခွဲ အထိကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့ကြက်ညှာ ၊မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ရေး) ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ကာကွယ်ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်အလေးချိန် တိုင်းတာခြင်း၊ ကလေးအနေအထားမှန်မမှန် စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)