မော်လမြိုင်ခရိုင် ရေးမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပုံစံ(၁၅)ဖြင့် ဆန္ဒမဲပေးခြင်းပြုလုပ်

ရေး နိုဝင်ဘာ ၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက် နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ရွေးကောက်ပွဲကျင်းပသည့် နေ့ရက် တွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပသို့ရောက်ရှိနေသူများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်မြေ ကျော်လွန်သူများ၊ နိုင်ငံ့တာဝန်ထမ်းဆောင်သူများက မိမိတို့မဲဆန္ဒနယ်သို့ ပုံစံ (၁၅) ဖြင့် လျှောက် ထားပြီး ပြန်လည်ပေးပို့လာသည့် မဲဆန္ဒရှင်များက ဆန္ဒမဲများလာရောက် ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ပုံစံ (၁၅) ဖြင့် ဆန္ဒမဲလာရောက်မဲပေးသူများကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးညီသွေးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာမဲဆန္ဒနယ်မြေအသီးသီးမှ ပေးပို့လာ သည့် ဆန္ဒမဲအိတ်ကို မဲဆန္ဒရှင်လက်ဝယ်သို့ ပေးအပ်ကာ လျှို့ဝှက်ဆန္ဒပြုခန်း၌ ဆန္ဒပြုခဲ့ကြသည်။ ရေးမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပုံစံ (၁၅) ဖြင့် မဲဆန္ဒရှင် (၂၆၈)ဦး ကျော်ရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)