နမ့်စန်(တ) နိုဝင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် ကိုဗစ်-၁၉ရောဂါကာကွယ် ၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက်၈နာရီကစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးတွင် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဖေမောင်တင် နှင့် ဝန်ထမ်းများက မဲရုံအလိုက်တာဝန်ကျသူများနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် KN 95 Mask (၇၈၃၆၀)ခု၊Face Shield (၅၁၅)ခု ၊Surgical Gown (၂၅၇၅)ထည်၊ Medical Cap (၁၅၄၅)ခု၊ PPE Level 3 ဝတ်စုံ (၃၀၉)ထည် ၊ Surgical Glovers (၆၁၈)ခု ၊ Protective Face Mask (၆၁၈)ခု ၊ Goggles (၆၁၆)ခု၊ Boot (၅၁၅)ခု ၊ Boot Cover (၅၁၅) ခု ၊ Exam Gloves (၇၀၂၀)ခု နှင့် PPE Cover all (၃၀၉) ထည် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်း များကို မဲရုံအလိုက် ခွဲဝေသတ်မှတ်၍ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၂၀ ခုတို့၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ၉၂၃၆၄ ဦးရှိပြီး မဲရုံ ၁၀၃ ရုံ လျာထားဆောင်ရွက်ထားကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
သူရအောင် (ပြန်/ဆက်)