အလုံခရိုင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

အလုံ မတ်လ ၃၀

အလုံခရိုင်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုခဲ့ပြီးနောက် အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် ကင်းထောက်လူငယ်လေးများကပြည်သူ့အတွက် အစဥ်အသင့်အဖွင့်သီချင်း၊ ကင်းထောက်ဂုဏ်ရည်သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အလုံခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကင်းထောက်လူငယ်လေးများက တေးသီးချင်းများ၊ ပြဇာတ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဖျော်ဖြေသီဆိုခဲ့သော ကင်းထောက်လူငယ်လေးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းကို ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသူများနှင့် မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရှိရပြီး အဆိုပါအခမ်းအနားသို့ ခရိုင်လူငယ်ရေးရာကော်မတီဝင်များ၊ အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ် လူငယ်ရေးရာကော်မတီဝင်များ၊ ခရိုင်နှင် မြို့နယ်ပညာရေးမှူးများ၊ ကင်းထောက်သင်တန်းနည်းပြများ၊ ကင်းထောက်လူငယ်များ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကင်းထောက်သင်တန်းကို အလုံမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် သင်တန်းသူ ကင်းထောက်လူငယ် (၂၀)ဦး၊ သင်တန်းသားကင်းထောက်လူငယ် (၂၀)ဦး၊ စမ်းချောင်းမြို့နယ် အမှတ်()အခြေခံပညာအထက်တန်းကျောင်းတွင် သင်တန်းသူ ကင်းထောက်လူငယ် (၄၀)ဦး၊ စုစုပေါင်း သင်တန်းသား (၈၀)ဦးဖြင့် မတ်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ () ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)