နမ့်စန်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ ဆန္ဒပြုမဲလက်မှတ်များ ပေးအပ်

နမ့်စန်() နိုဝင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့၌ကျင်းပ ပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒပြုမဲလက်မှတ်များကို ယနေ့နံနက်၉နာရီမှစတင်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဆန္ဒပြုမဲလက်မှတ်များထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးစံသောင်း အတွင်းရေးမှူး ဒေါ်မျိုးမျိုးအောင် နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နမ့်စန်မြို့နယ်နှင့်ခိုလမ်မြို့အတွင်းရှိ မဲရုံများအတွက် လွှတ်တော်အလိုက် ဆန္ဒပြုမဲလက်မှတ်များနှင့် မဲရုံသုံး ပုံစံစာရွက်များကို သက်ဆိုင်ရာရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံစနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက်  ၁၁ခုနှင့် ကျေးရွာအုပ်စု ၂၀ ခုတို့တွင် အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၉၂၃၆၄ ဦးရှိပြီး မဲရုံ ၁၀၃ ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

သူရအောင် (ပြန်/ဆက်)