ခေါဇာ နိုဝင်ဘာ ၅
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ခေါဇာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်မဲရုံများ ပြင်ဆင်ထားရှိမှုအခြေ အနေများကို ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများ ကကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ က မဲရုံအလိုက် မဲဆန္ဒရှင်ပြည်သူများလာရောက်မဲပေးရာ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏လမ်းညွှန်ချက်များနှင့်အညီစီစဉ်ဆောင်ရွက်ထားရှိမှုနှင့် မဲရုံလုပ်ငန်း ဆိုင်ရာကြိုတင် ပြင်ဆင် ထားရှိမှုတို့ကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိသည်။
ခေါဇာမြို့တွင် ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေး ရွာအုပ်စု (၆) အုပ်စုရှိပြီး စုစုပေါင်းမဲရုံ(၁၆)ရုံ၊ မဲဆန္ဒရှင်စုစုပေါင်း(၂၃၇၉၆)ဦး ရှိကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)