မိုင်းရှူး နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအလိုက် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင် ပြည်သူများအား ဖြန့်ဝေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သုံးပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က စ၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများဖြစ်သည့် KN95(၄၃၈၉၂)ခု၊ Face Shield (ကိုင်း)(၂၂၅)ခု၊ Face Shield (ကော်ပြား)(၂၂၅)ခု၊ Surgical Gown (၁၁၂၅)ထည်၊ Medical Cap (၆၇၅)ခု၊ PPE Level 3 LSize (ဝတ်စုံ) (၁၃၅) ထည်၊ PPE Cover All(၁၃၅)ထည်၊ Surgical Glovers(၂၇၀)ခု၊ Exam Gloves(၃၀၆၂)ခု၊ Protective Face Mask(၂၇၀)ခု၊ Goggles(၂၇၀)ခု၊ Boot(၂၂၅)ခု၊ Boot Cover(၂၂၅)ခု တို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးများထံသို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများမှ တာဝန်ယူခွဲဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါပစ္စည်းများကို မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းစံမြို့အပါအဝင် ရပ်ကွက် (၇)ခု၊ ကျေးရွာအုပ်စု(၁၄)ခုရှိ မဲရုံပေါင်း(၄၅)ရုံအတွက် ရပ်ကွက်/ကျေးရွာအလိုက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)