ဖျာပုံ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားနေသည့်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများရှိ စာသင်တိုက်များတွင် ဆွမ်းဆန်စိမ်း အဆင်ပြေစေရန် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့စည်းထားသည့် ဇောတိကအဖွဲ့မှ ဆွမ်းဆန်စိမ်းများကို ယနေ့ နေ့လယ် ၁၂ နရီခွဲက သွားရောက် လှူဒါန်းခဲ့သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ နေထိုင်လျက်သည့်အတွက် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်များ ဆွမ်းဆန်စိမ်းများ အဆင်ပြေစေရန်အတွက် ဇောတိက အဖွဲ့က အမှတ် ၄ ရပ်ကွက်ရှိ ဝေဇယန္တာစာသင်တိုက်သို့ ဆွမ်းဆန်စိမ်း(၃)အိတ်ကို သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ဖျာပုံမြို့နယ်အတွင်း ဆွမ်းဆန်စိမ်းအခက်အခဲဖြစ်နေသော စာသင်တိုက်များသို့ ဇောတိက အဖွဲ့မှ လစဉ်ဆွမ်းဆန်စိမ်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်းကိုလည်း ခရိုင်ပညာရေးမှူး ဒေါ်နန့်ဆယ်လီလှိုင် ထံမှသိရှိရသည်။
လှလှနွယ် (ခရိုင်ပြန်/ဆက်)