ပြင်ဦးလွင်မြို့နယ်အတွင်း  ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

 ပြင်ဦးလွင်၊ နိုဝင်ဘာ  ၅               

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကြိုတင်ဆန္ဒမဲပေးခြင်းနှင့် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအ‌နေများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည် ။

ပြင်ဦးလွင်မြို့နယ်တွင် ရပ်ကွက် (၂၁) ရပ်ကွက် နှင့် ကျေးရွာ (၃၇) အုပ်စုတွင် မဲရုံစုစုပေါင်း (၂၀၀) ရုံ ဖွင့်လှစ်ထားရှိကာ  အောက်တိုဘာလ   (၂၉ ) ရက်နေ့ မှ နိုဝင်ဘာလ (၅) ရက်နေ့အထိ  နေ့စဉ်နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ကြိုတင်ဆန္ဒမဲများ လာရောက်ပေးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည် ။

ဆက်လက်ပြီး မြို့ပေါ်ရပ်ကွက်များရှိ မဲရုံများနှင့် ကျေးရွာများရှိ မဲရုံများတွင် ညွှန်ကြားချက်နှင့်အညီ  မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ရာ တာဝန်ရှိသူများက  လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည် ။

ဇော်မျိုးထိုက် ( ပြင်ဦးလွင် )