ညောင်လေးပင်မြို့နယ်၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ညောင်လေးပင် ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

​အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းမှ ကလေးသူငယ်အလုပ်သမားပပျောက်ရေးနှင့် ပတ်သတ်သည့်အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက်များကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ဆက်လက်၍ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ပြုလုပ်ခဲ့သည်။

ထို့နောက် ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေး နှိုးဆော်ထားသော စာသားများပါဝင်သည့် နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)