မောင်တော ဧပြီ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၃ ခုနှစ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေများ၊ ၂၀၁၅ ခုနှစ်စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်နှင့် ခရိုင်ရုံးရှိ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ၂၀၁၃ ခုနှစ် နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေများ၊ ၂၀၁၅ ခုနှစ်စာအုပ် တွင် ပါဝင်သော အခန်း(၁) အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ အခန်း(၂) ရည်ရွယ်ချက်များ၊ အခန်း(၃) အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းခြင်း၊ ယင်း၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ စသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက်အလက်များ အကြောင်းအရာများအား တစ်ဦးချင်း ဖတ်ကြား ခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)