ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ “လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဖြူ        ဧပြီ   ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက “လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က ခရိုင်ရုံးဝန်ထမ်းများအနေဖြင့် ပြည်သူ့ဆက်ဆံရေးမှူးတစ်ဦး၏ ပြည့်စုံရန်လိုအပ်သော အရည်အချင်းများအား သိရှိနားလည်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်ပါကြောင်းအရာများထဲမှ ပြည်သူ့ဆက်ဆံရေးမှူးတစ်ဦး၏ ပြည့်စုံရမည့် အရည်အချင်း ၁၄ ချက်အား ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းနိုင်၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးတင်ထွန်းဦး၊ ဓာတ်ပုံ ကျွမ်းကျင်-၂ ဦးဖြိုးဝေလင်း၊ လုပ်သားရုပ်သံ ဒေါ်အေးအေးမြင့်နှင့် နေ့စားဝန်ထမ်း ဒေါ်ခင်ထက်ထက်နွယ်တို့က ပြည်သူ့ဆက်ဆံရေးနည်းလမ်း ၁၅ ချက်နှင့် ဝန်ဆောင်မှုဆိုင်ရာ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများအကြောင်းကို  အသီးသီးဆွေးနွေးပြီး ခရိုင်ရုံးဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)