ပန်းတောင်း ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံအေရိုးဗစ်သင်တန်း ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းနုနွယ်က ကိုယ်ခန္ဓာကျန်းမာကြံခိုင်သန်စွမ်းလာစေရန်၊ ညောင်းညာမှုဒဏ်မှကင်းဝေးစေရန်၊ စိတ်ဓာတ်တက်ကြွပေါ့ပါးလာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး အေရိုးဗစ်အကနည်းပြ ဆရာမ ဒေါ်ခင်ဆုမြတ်အောင်က အေရိုးဗစ် အကပညာသည် အားကစားတစ်ရပ်တွင်မကဘဲ ကျန်းမာရေးအတွက်ပါ လေ့ကျင့်ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခြေခံအေရိုးဗစ်သင်တန်းကို လူထုအခြေပြုဗဟိုဌာနခန်းမ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းသူ (၂၀) ဦးအား (၃) ရက်တာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး ကျွမ်းကျင်စွာကိုယ်လက်လှုပ်ရှားနိုင်ရေး လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)