သဲကုန်း ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တွင် ကလေးများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ရှိပြီး စာပေနှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတများစွာ တိုးပွားလာစေရန်၊ ရဲဝင့်စွာ ပြောဆိုတတ်စေရန်နှင့် ဖတ်မှတ်စွမ်းရည် မြှင့်မားလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ အ.ထ.က (သဲကုန်း)၊ အ.မ.က (တည်သီးပြင်)၊ အ.မ.က (ပေါက်တော) မှ ကျောင်းသူများက ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက အလုပ်သမားပပျောက်ရေး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ကလေးသူငယ်နှင့် လူကုန်ကူးမှု အန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား အကျယ်တဝင့် ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများကို မုန့်များဝေငှပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)