စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

စမ်းချောင်း ​​ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်လူထုအ​​ခြေပြုဗဟိုဌာန၌ ယ​မန်နေ့ ​ညနေ (၃)အချိန်က စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် သင့်ဘ၀ အောင်မြင်ရေး လှေကားထစ်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြာင်း သိရသည်။

ဆိုပါစာဖတ်ဝိုင်းတွင် စမ်းချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အသင်းမှအဖွဲ့ဝင် ဒေါ်ခင်ယုသွယ်က စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေးရေးသားသည့်သင့်ဘ၀အောင်မြင်ရေး လှေကားထစ်များစာအုပ်ထဲမှ အခက်အခဲများကို ဖြတ်ကျော်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အိမြတ်နိုင်က​ အောင်မြင်မှုကို ထိန်းသိမ်း ခြင်း ခေါင်းစဉ် ဖြင့်လည်းကောင်း ဒေါ်နှင်းနှင်း‌‌အေးက အားနည်းချက်ကိုပြုပြင်ခြင်း အစရှိသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက ၎င်းစာအုပ်ပါ အကြောင်းအရာမျာနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြသထားသောအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ​ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)