ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Youth Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

ကျိုက်ထို ဧပြီ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာချစ်စံဝင်းရေးသားသည့် စိတ်ကောင်းရှိဖို့သည်ပထမ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်အေးယုဝေက စာဖတ်ဝိုင်းပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Youth Club) အဖွဲ့မှ အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ သိမှတ်ဖွယ်ရာ အကြောင်းအရာတို့ကို ကဏ္ဍအလိုက် ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသော အဖွဲ့ဝင်များက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲကိုဆောင်ရွက်ခြင်းဖြင့် လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့်အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)