ကလေး ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ညပိုင်းက လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရေးဆွေနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝုနမလွန်းညောင်က ပြည်သူ့စာကြည့်တိုက် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးပွဲများကျင်းပပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေသောကြောင့် ဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)