အင်းစိန်မြို့နယ်၌ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်

ရန်ကုန် နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ရေစီး ရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း နှင့် တာဝန်ရှိသူများသည် ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြောင်းရှင်းအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်နေသည့် တောင်သူကုန်းရပ်ကွက်၊ ကသွယ်ချောင်း မြောင်းဖော်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြီးစီးမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)