ကျွန်းလှ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာ(၈) ရက်နေ့ တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများအား အောက်တိုဘာ(၂၉)ရက်မှစတင်ပြီး ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများလာရောက်ပေးကြကြောင်းသိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးရာတွင်အကြောင်းအမျိုးကြောင့်လာရောက်မဲပေးနိုင်အသက်(၆ဝ)နှင့်အထက်အိုမင်းမစွမ်းသူများ၊ကျန်းမာရေးမကောင်းသူများ၊နေအိမ်မီးဖွားနေသူများအားမဲပေးခွင့်မဆုံးရှုံးစေရေးအတွက်ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူတို့ကအိမ်တိုင်ရာ ရောက်ဆောင်ရွက်ပေး ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင်မဲဆန္ဒရှင်ပြည်သူ(၇၇၁၆၄)ဦးရှိပြီး၊မဲရုံ(၉၁)ရုံရှိကြောင်း၊နိုဝင်ဘာ(၅)ရက်နေ့ အထိကြိုတင်မဲလာရောက်ပေးပြီးသူ(၁၁၃၄၃)ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှသိရသည်။
မျိုးဝင်းညို (ကျွန်းလှ)