နန်းယွန်း ဖေဖော်ဝါရီ ၂၄
ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်ရွယ်၍ နန်းယွန်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်စုပေါင်းရုံး ခန်းမ၌ ဆောင်ရွက်သည်။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆွေးနွေးပွဲတွင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဘာမန်က ဒေသခံပြည်သူများ၏လိုအပ်ချက်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုလိုဝန်ဆောင်မှုပေးနိုင်ရန် ဆွေးနွေးပွဲကို ဆောင်ရွက်ပေးတာ ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ထိုနောက် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်မှုများ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအသီးသီးဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)