အရာတော် နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲပေးရာတွင် အသုံးပြုရန် အတွက် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးသုံး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ကမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ထုတ်ပေးခဲ့ ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများ၌ အသုံးပြုရန် အတွက် ကျန်ရှိ နေသည့် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး သုံးအထောက် အကူ ပြုပစ္စည်းများဖြစ်သည့် Handgel၊Faceshield၊ ၊Hand Spray၊ Apron ၊အပူချိန်တိုင်းကိရိယာ စသည့်ပစ္စည်းများ၊မဲရုံတာဝန် ထမ်းဆောင်မည့်သူများအတွက် ကျွေးမွေးစရိတ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ထုတ်ပေးခဲ့ကြောင်းနှင့်ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံမှူး၊ဒုမဲရုံမှူးများက လာရောက်ထုတ်ယူခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နွယ်နီမြင့်