ငါန်းဇွန်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများထံထုတ်ပေး

ငါန်းဇွန် နိုဝင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲရုံး၌ ယမန်နေ့နံနက် ၉ နာရီမှစ၍ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ မဲရုံများကို မဲရုံသုံးပစ္စည်းများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

မဲရုံများကို မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္က ဦးစိုးဝင်း၊ အတွင်းရေးမှူး ဦးမြင့်အောင်သိန်းနှင့် အဖွဲ့ဝင်များ သည် မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၄) အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲများ အား မဲလက်မှတ်စာအုပ်များ၊ မဲပုံး၊ လုံခြုံရေးကြိုး၊ မဲရေတွက်ရန်ခြင်း၊ ဆန္ဒပြုခန်း၊ အမှန်ချစ် တံဆိပ်တုံး၊ ချိပ်တံဆိပ်၊ ချိပ်တောင့်၊ အင်းပက်၊ မင်အိုး၊ ဘော့ပင်၊ ပေတံ၊ ဓား၊ ချုပ်စက်၊ ပင်အပ်၊ မာကာပင်၊ တစ်ရှူး၊ မီးခြစ်၊ ဖယောင်းတိုင်၊ သရေကွင်း၊ တိတ်အကြည်၊ စတစ်ကာ(ရပ်/ကျေး)၊ စတစ်ကာ(မဲရုံကိုယ်စားလှယ်)၊ မဲရုံမှူးတံဆိပ်တုံး၊ မဲပုံးကပ်ရန်စာရွက်၊ တာလီစာရွက်၊ ပုံစံ(၁၁) ဆန္ဒမဲလက်မှတ်များ ရေတွက် စစ်ဆေးခြင်းမှတ်တမ်း၊ ပုံစံ(၁၁-ခ)ရပ်/ကျေးမှ မဲရုံမှူးသို့ ဆန္ဒမဲလက်မှတ်များ ထုတ်ပေးသည့်စာရင်း၊ ပုံစံ(၁၂)မဲစာရင်းများ ပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက် အကျဉ်းချုပ်၊ ပုံစံ(၁၄) ကန့်ကွက်မဲစာရင်း၊ ပုံစံ(၁၆)လွှတ်တော် ကိုယ်စားလှယ် လောင်းရရှိသော ဆန္ဒမဲစာရင်း၊ ပုံစံ(၁၇)လွှတ်တော် ကိုယ်စားလှယ်လောင်း ရရှိသော ပယ်မဲ စာရင်း၊ လုပ်ငန်းလမ်းညွှန် နောက်ဆက် တွဲ(ခ)၊ လုပ်ငန်းလမ်းညွှန် နောက်ဆက်တွဲ(ဂ)နှင့် လုပ်ငန်းလမ်းညွှန် နောက်ဆက်တွဲ(ဃ) စသည့် မဲရုံသုံးပစ္စည်းများကို စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ ရပ်ကွက်/ကျေးရွာများတွင် မဲရုံပေါင်း(၁၄၂)ရုံရှိပြီး မဲဆန္ဒရှင် စုစုပေါင်း (၁၁၁၇၀၇) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)