တံတား နိုဝင်ဘာ ၆
ရန်ကုန်တောင်ပိုင်းခရိုင် တံတားနယ်မြေ မီးသတ်စခန်းမှ တာဝန်ရှိသူများက ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာလ(၈)ရက်နေ့တွင် အသုံးပြုမည့်မဲရုံများသို့ မီးဘေးလုံခြုံရေးအတွက် ယနေ့ နေ့လယ်ပိုင်းက မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံများနှင့် ကျေးရွာများရှိ မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးလုံခြုံရေး စစ်ဆေးရာတွင် တံတားနယ်မြေ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးဇင်မင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံများနှင့် မဲရုံဝန်းကျင်ရှိ အဆောက်အဦများနှင့် နေအိမ်များသို့ သွားရောက်၍ မီးသုံးစွဲမှုများအား စစ်ဆေးခြင်း၊ မဲရုံများတွင် အသုံးပြုမည့် မီးသတ်ဆေးဘူးများအား စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်းကို လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
တင်နိုင်ဝင်း (ပြန်/ဆက်)