ရန်ကုန် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်ရှိ လူနာများအတွက် ကြက်ပေါင်းရည်ပွဲ(၂၀၀)ကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင်လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်ဆေးရုံကြီး၊ဖျားနာဆောင်ရှိ လူနာများအတွက် စေတနာရှင် သူငယ်ချင်းများ စုပေါင်းပြီး ကြက်ပေါင်းရည်ပွဲ(၂၀၀)ကို လာရောက်လှူဒါန်းရာအင်းစိန်အထွေ ထွေရောဂါ ကုဆေးရုံကြီး မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)