ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ဒိုက်ဦး ဧပြီ ၂၀   

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောရဟန်းရှင်/လူ လူနာ(၁၇၅)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။

အဆိုပါဆေးခန်းကို အပတ်စဥ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ် သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးလမ်း ကြောင်း ရောဂါစသည့် အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ် လာရောက်၍ မေတ္တာဖြင့်ကုသပေးကြပြီး အသည်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောသူများအား ဆေးထိုး ပေးခြင်း၊ ဆေးဝါးများလည်းအခမဲ့ပေးလှူ​ပြီး အသည်းရောဂါကာကွယ်ရေးအတွက် ယနေ့မှစ၍ အပတ်စဥ် အသည်းရောင်အသားဝါ ဘီပိုးရှိ/မရှိ စစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအား ဘီပိုး ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)