ပေါင်းတည် နို၀င်ဘာ ၆
ပေါင်းတည်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သူ ကုက္ကိုလ်ပင်ကျေးရွာမှ လူနာ အမျိုးသား၁ဦး တိုင်းချစ်ရပ်ကွက်မှ လူနာအမျိုးသား၁ဦး နှင့် မီးရထားဝန်းမှ လူနာအမျိုးသမီး ၁ဦး နွားခြံကုန်းရွာမှ လူနာအမျိုးသမီး ၁ ဦးနှင့် သာလှပင်စည်ကျေးရွာ လူနာအမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦးတို့သည် သတ်မှတ်ထားသော ဆေးရုံတက်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက်၁၂နာရီခွဲ အချိန်ခန့်က ဆေးရုံဆင်းခွင့် ရရှိသွားပြီ ဖြစ်ပါသည် ။
လူနာများအား အိမ်တွင်လိုက်နာရမည့် စည်းကမ်းများကို အသေးစိတ် ရှင်းပြပေးခဲ့ပြီး လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ဖတ်ကြားပြသ၍ ဆေးရုံဆင်း လက်မှတ်နှင့် စည်းကမ်းချက် စာရွက်အား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းက ပေးအပ်ခဲ့သည်။
၎င်း ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၅ဦးသည် မိမိတို့ နေအိမ်များတွင် Home Quarantine ခုနှစ်ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း သိရှိရပြီး ဆေးရုံတွင် ကျန်ရှိသော အတည်ပြုလူနာ(၁၀)ဦး၏ ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိသည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပြောကြားချက်အရ သိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)