ဘိုကလေးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးသူဦးရေ (၂၁၃၈၀) ဦးပေးပြီးဖြစ်

ဘိုကလေး  နိုဝင်ဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု များတွင် အောက်တိုဘာ (၂၉) ရက်နေ့မှစ၍ (၂၀၂၀) ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစတင်ဆောင်ရွက်ကြရာ ဘိုကလေးတစ်မြို့နယ်လုံးတွင်  ကြိုတင် ဆန္ဒမဲပေးပြီး သူဦးရေပေါင်း (၂၁၃၈၀) ဦးပေးပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဘိုကလေးမြို့နယ်တစ်မြို့နယ်လုံးတွင် အသက်(၁၈) နှစ်အထက် မဲပေးနိုင်သည့်ပြည်သူပေါင်း (၂၂၄၄၁၇) ဦးနှင့် မဲရုံစုစုပေါင်း (၃၆၁) ရုံရှိကြောင်း မြို့နယ်ကော်မရှင်ဦးစီးမှူး ဒေါ်ပိုးဒါလီထံမှ သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲ ဆောင်ရွက်ရာတွင် ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီဝင်များ ပူးပေါင်းကာ ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် မဲရုံ၌တာဝန်ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၀) နှင့််အထက် မဲဆန္ဒရှင်ပြည်သူများက သက်မှတ်ထားသည့် နေရာများတွင် ကြိုတင်ဆန္ဒမဲပေးပြီး သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းပြည်သူများနှင့် ကျန်းမာရေး မကောင်းသူများ တို့အား ကြိုတင် မဲပေးနိုင်ရေးအတွက် အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးခဲ့ကြသည်။

မိုးစက်(ဘိုကလေး)