ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများနှင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာ ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ပဲခူး  နိုဝင်ဘာ   

ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပဲခူးမြို့ ဥဿာမြို့သစ်၊ ()ရပ်ကွက်ရှိ ငွေတောင်ကြီး ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာများနှင့် မြစိမ်းရောင် စီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစန်းမောင်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူး ဦးသန်းဦး၊ ပဲခူးမြို့နယ်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာနှင့် မြို့နယ် TPIC အဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပဲခူးမြို့နယ်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေး နှစ်အတွက် ပဲခူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများနှင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် အညီ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများအဖြစ် ပေါက်တော၊ ရွာသစ်၊ ကင်းပိုင်ခြုံ၊ ရွာသစ်ကလေး၊ ကင်းချောင်း၊ ဆင်တဲ၊ ထန်းပင်ကုန်း၊ မကျီးခုံ၊ ဝါးယားစု၊ ရွှေတန်(တောင်) ထန်းတောကြီး၊ ဝါးပြန်ကုန်း၊ ကရင်စု၊ ကုန်းသံဒင်း၊ မိုးကွဲ စသည့်ကျေးရွာ (၁၅)ရွာနှင့် မြစိမ်းရောင် စီမံကိန်းကျေးရွာအဖြစ် တမာပင်ကျေးရွာတို့အား ရွေးချယ်အတည်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)