ဘိုကလေး နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် (၁၁) နာရီအချိန်တွင် မဲဆန္ဒရှင်ပြည်သူများ နည်းလမ်းတကျ မဲပေးနိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် “သတိရပါ၊ သင့်ရဲ့ဆန္ဒမဲကို လျှို့ဝှက်ထားပါ” အသိပညာပေး လက်ကမ်းစာစောင်အား ပြည်သူ့များ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မဲဆန္ဒရှင် ပြည်သူများ မဲပေးရမည့် နည်းလမ်းများအား တစ်ဆင့်ပြီးတစ်ဆင့် ဖော်ပြထားရှိပြီး မဲရုံအတွင်း ဝင်ရောက်ခြင်း၊ လက်ခံရယူခြင်း၊ တံဆိပ်တုံးထုခြင်းနှင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းများအား ရှင်းလင်းစွာ ထည့်သွင်း အသိပညာပေးထားကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)