ပုသိမ် နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။
မဲပေးမည်နေ့တွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များကို ဆန္ဒမဲပေးသူများ လိုက်နာနိုင်စေရန် အသက် ၆၀ နှစ်နှင့်အထက် အဘိုး/အဘွားများ ကြိုတင်မဲပေးခြင်းကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ပုသိမ်ခရိုင် ၇ မြို့နယ်အတွင်းအသက် ၆၀ နှစ်နှင့်အထက် အဘိုး/အဘွားများကို ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ဆောင်ရွက်ခဲ့ရာ ယခုအခါ မဲပေးခြင်းပြီးစီးပြီ ဖြစ်သည်။
ပုသိမ်ခရိုင်အတွင်း အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၁၈၉၉၅၇ ဦးရှိပြီး မဲလာရောက် ပေးသူ ၂၄၃၈၂၀ ဦးရှိကြောင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲ့ ရုံးမှသိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)