သိန္နီ နို၀င်ဘာ-၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် အတွက် မဲဆန္ဒရှင် လက်မှတ်များနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းတွင် အသုံးပြုရန် အတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ ထုတ်ပေးနေကြောင်း သိရှိရ သည်။
ထိုသို့ပစ္စည်းများ ထုတ်ပေးရာတွင် ဆန္ဒမဲလက်မှတ်များ၊ တာလီစာရွက်များ၊ မင်ဗူးများ ပါ၀င်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများဖြစ်သော KN 95 Maskများ၊ Exam Glove များ၊Face Shield များ၊PPE Level-2များ၊For Level-2များ၊ PPE Level -3 များ၊ For PPE Level-3 များနှင့် Surgical Gloves များကို သက်ဆိုင်ရာ တာ၀န်ရှိပုဂ္ဂိုလ်များက ထုတ်ပေးခဲ့ကြသည်။
သိန္နီမြို့နယ်တွင် မဲရုံပေါင်း(၆၀)ရုံ၊ ယနေ့အထိ မဲဆန္ဒရှင်ပေါင်း(၃၈၇၁၉)ဦး ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း (၆၀၇၆)ဦးရှိပြီး ယနေ့အထိ ကြိုတင်မဲပေးပြီး သူဦးရေမှာ(၃၉၄၄)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှသိရှိရသည်။
ဖိုးချို( ပြန် -ဆက်)၊